ဂစ်တာအက်ဖက်များ နှင့် ဂစ်တာအန်ပလီဖိုင်ယာများ ကို ချိန်ညှိခြင်း ( SPECIAL BONUS ! )
တကယ်တော့ ကျွန်တော်တို့ ဂီတ၀ါသနာရှင်သူငယ်ချင်းအချို့ အနေနဲ့ ရတဲ့အချိန်လေး
တစ်ချို့ ကို ဖဲ့ ပြီး မြေစမ်းခရမ်းပျိုးစတင်ခဲ့တဲ့ ဒီ Notation-Blog
လေးဟာ လာရောက်လည်ပတ်သူ ဂီတ၀ါ သနာရှင် များ သတိထားမိ ကြမည်ဖြစ်တဲ့အတိုင်း၊
တေးသီချင်းတွေရဲ့ နုတ်စ်တွေချည်းသက်သက်အတွက်သာ ရည်ရွယ် တည်ဆောက်
ထားခဲ့တာပါ။ Guitar-Blog တစ်ခုလုံးဝမဟုတ်သကဲ့သို့ အင်တာနက် စာမျက်နှာ ပ်ါမှာ
ပြည်တွင်း/ပြည်ပ Professional/Amateur Guitar-Blog ပေါင်းများစွာ
နဂိုမူလကတည်းက တည်ရှိပြီးသားဖြစ်နေလို့ ကျွန်တော်တို့
အနေနဲ့အခုအချိန်ထလုပ်လို့လည်း သူတို့လောက်ပြည့်စုံနိုင် /ကောင်း နိုင်မည်
မထင်တာကြောင့် ဂစ်တာ ဘလော့ တစ်ခု လုပ်ဖို့ အစီအစဉ်မူလကတည်းက လုံးဝ
မရှိခဲ့တာပါ။ ဒီဝါသနာရှင် နုတ်စ်ဘလော့ရဲ့ Team Member
သူငယ်ချင်းအားလုံးဟာလည်း ဂစ်တာ သမားတွေမဟုတ်ကြပါဘူး။ အခြား Musician
တွေလည်းပါပါတယ်။ သို့သော်လည်း ကျွန်တော်တို့ နုတ်စ် ဘလော့လေးကို
စေတနာအရင်းပြုပြီး ရှိတဲ့ စုဆောင်းထားတဲ့ ဂစ်တာစာအုပ်များ ပေးပို့
လှူဒါန်း သူများ ကြောင့်သူ့စေတနာကိုအသိအမှတ်
ပြုဂုဏ်ပြုတဲ့အနေနဲ့ကော၊သူလှူဒါန်းလာတဲ့ Pro အဆင့် ဂစ်တာစာအုပ်တွေ ကို
အပြည်ပြည်ဆိုင်ရာနုတ်စ်တွေနဲ့ရှင်းလင်း ဖေါ်ပြထားတာကိုအကြောင်းပြုပြီး၊
နုတ်စ် များ က ပြောသော တီးခတ်မှုဆိုင်ရာ နိသျည်းများဆိုတဲ့ Post လေးတစ်ခု
ကို Bonus section တစ်ရပ် အနေနဲ့ ဖေါ်ပြပေးခဲ့ပြီးဖြစ်ပါတယ်။
နောက်တစ်ဖန်၊ အပြင်မှာတွေ့ဆုံရန် အကြောင်းမရှိသော-စေတနာတစ်ခုတည်းနဲ့
သူ့စုထားတဲ့ အနှစ် နှစ် အလလ က နုတ်စ်ပေါင်းများစွာကို သူ့ရဲ့အဖိုးတန်
အချိန်တွေကိုဖဲ့ပြီး လာရောက်လှူဒါန်းသလို အချိန်ပိုင်း
လုပ်အားဝင်ပေးသွားတဲ့-ကူညီသွားခဲ့တဲ့ အင်မတန် လေးစားဖွယ်ရာကောင်းတဲ့
သူ့ကိုယ်သူ ကိုစတိဗ် လို့အမည်တပ်ထားတဲ့
လေထဲကဂီတသူငယ်ချင်းဂစ်တာသမားတစ်ယောက် ကိုအမှတ်တရ ဂုဏ်ပြုပေး ရာ ရောက်
အောင်၊ ဘယ်ဂစ်တာဘလော့က မှ ဖေါ်ပြခြင်း မရှိသေး တဲ့ ဂစ်တာအက်ဖက်များကို ချိန်ညှိခြင်း ဆိုတဲ့ အခန်း သစ်လေးတစ်ခုကို Special Bonus Section တစ်ခုအနေနဲ့ ကနဦး ဖွင့်လှစ်ပေးခဲ့ ပါ တယ်...။
၂၀၁၃ခုနှစ်၊ဇွန်လ လောက်မှာ ကျွန်တော်တို့ နုတ်စ်ဘလော့ဂ်လေး
အကြောင်းကြောင်းကြောင့် ပျက်ဆီး သွားခဲ့ရပါတယ်။
ဟက်ကာတစ်ဦးဦးလက်ဆော့လို့လား၊ ဂူးဂဲလ်ကဘဲ ကီးမိတ်ကာလေး အမှတ်မထင်တင်
လိုက်တာကို Disable အလုပ်ခံရပြီးနုတ်ဘလော့ဂ်လေးကို
ပြန်လုပ်ဖို့စိတ်မကူးတော့ပေမဲ့ Facebook မှာ ညီအကိုမျုားစွာက
ပြန်လုပ်ပေးပါလို့အထပ်ထပ်မေတ္တာရပ်ပြီး
ဒိုမိန်းဝယ်လည်းပိုက်ဆံပေးပါမယ်လုပ်လို့ အားနာပြီး ဒီ
နုတ်ဘလော့လေးပြန်လုပ်တော့ ဒီအခန်းလေးကို ပိုပြည့်စုံကောင်းမွန်အောင်
အက်ဖက်ချိန် တဲ့ အကြောင်းသာမက၊ တစ်ဆက်တည်း
ဂစ်တာအန်ပလီဖိုင်ယာတွေချိန်တဲ့အကြောင်းလေးပါ ထပ်ဖြည့်ပေး
လိုက်ရင်ကောင်းမှာဘဲဆိုပြီး နည်းနည်းထပ်ရေး update လုပ်ပေးလိုက်တာပါ။
ဂစ်တာကို မြေလျှိုးမိုးပျံအဆင့်တီးတတ်ပါတယ်-နုတ်စ်တွေကိုလည်း
ပြောင်းပြန်ရေး ထားတောင် ဖတ်နိုင်ပါ တယ်။ ဆိုပေမဲ့ အလက်ထရစ်ဂစ်တာတွေနဲ့
တီးတော့မယ်ဆိုရင် ဂစ်တာအက်ဖက်တွေ နဲ့မပါတ်သက် လို့မရတော့ပါ ဘူး။ အဲဒီတော့မှ
အက်ဖက် မချိန်တတ်လို့ အသံကြောင်ကြီးတွေ ထွက်လာခဲ့ရင် သွားပါပြီ။ ကိုယ့်ကို
ဂစ်တာသမား ကောင်းမှန်း မသိကြ-မလေးစားကြတော့ပါဘူး။ ဒါကြောင့်
ဂစ်တာအက်ဖက်တွေကို ကျွမ်းကျင်ပိုင်နိုင်အောင်ချိန်တတ်ဖို့က
ဆောလစ်ဂစ်တာတွေကိုင်ကြတဲ့ သူငယ်ချင်းတွေ အားလုံး သိကြမှာ ပါခင်ဗျာ။
ဂစ်တာသမား တစ်ဦးချင်းအလိုက် အက်ဖက်ချိန်တဲ့ ဆက်တင်တွေ ကိုယ်ပိုင်ဟန်အသီးသီး
ရှိကြတယ် ဆို ပေမဲ့၊ ကော်ပီသီချင်း တွေ လိုက်တီးတဲ့ ဂစ်တာ သမားတွေဟာ
မူရင်းသီချင်းနုတ်စ် စာရွက် ကြီးကို ကိုင် ထားပြီး မူရင်း ဂစ်တာသမားက
အဲဒီ့သီချင်းအတွက် ချိန်ထားတဲ့ ဂစ်တာအက်ဖက် ဆက်တင် အတိုင်း
အနီးစပ်ဆုံးလိုက်မချိန်နိုင်ရင်- သူများသီချင်း တော့ ယူတီးသေးတယ်။ မှီလည်း
မမှီဘူး ဆိုပြီးဝိုင်း ကဲ့ရဲ့လေ့ရှိပါ တယ်။ ဒါကြောင့် ဂစ်တာအက်ဖက်ချိန်တာဟာ
အရမ်း အရေးကြီးတယ်လို့ထင်ပါတယ်။
နိဒါန်းရှည်လို့မကောင်းတော့ပါဘူး။ လိုရင်းသွားပါတော့မယ်။ ဂစ်တာအက်ဖက်မှာ
မူလတုံးက Single Guitar Effect တွေရဲ့ခေတ်ပါ။ နောက်တော့ IT
ခေတ်ကြီးဖြစ်လာတော့ ကွန်ပြူတာစနစ်၊ ဒစ်ဂျစ်တယ် စနစ်တွေ ထွန်း ကားလာတော့ ပို
Convenient ဖြစ်တဲ့ Economy ဖြစ်တဲ့ Multi-Guitar-Effects Processor
တွေပေါ် လာပါ တယ်။ တွင်တွင်ကျယ်ကျယ်သုံးလာကြပါတယ်။ ဂစ်တာအက်ဖက်လောက မှာ
နံမည်ကြီး တာက ကီးဘုတ်တွေ ထုတ်တဲ့ နံမည်ကျော် Roland ကုမ္ပဏီကြီးကထုတ်တဲ့
Boss တံဆိပ် ဂစ်တာအက်ဖက်တွေပါ။
နောက်ပိုင်းမှာ Zoom ဂစ်တာအက်ဖက်နဲ့။ Digtec တံဆိပ်
ဂစ်တာအက်ဖက်တွေလည်းလူသုံးများ လာကြ ပါတယ်။ နံမည်ကျော်
ဂစ်တာကုမ္ပဏီကြီးများဖြစ်ကြတဲ့ Ibanez တို့လဲ ဂစ်တာကုမ္ပဏီကြီးများ က လည်း
သူတို့ ရဲ့ မူပိုင် Ibanez တံဆိပ် Single Guitar Effect Pedal
တွေထုတ်လာကြပြန်ပါတယ်။
ကျွန်တော်တို့ မြန်မာပြည်က တီးဝိုင်းကြီးတွေရဲ့ ဂစ်တာပရိုတွေဟာလည်း Boss
Single Effects တွေကို အရင် ဦးဆုံးနဲ့အတော်ကြာသုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ
Multi-Guitar Effects တွေကိုပြောင်း သုံးလာ ကြပါ တယ်။
ကိုဇော်မျိုးထွဋ် ( Medium Wave ) တို့ ၊ ကိုနိုင်ဇော် ( Lazy Club )၊တို့
ကိုကျော်မင်း (Evening Star) က တော့ live show တွေတီးလာကြရာမှာ Zoom တံဆိပ်
Multi-Guitar Effects တွေ ကိုသုံးလာတာ သတိထား မိပါ တယ်။ Lady Rock-Show
မှာ တော့ ကိုနိုင်ဇော်ဟာ Boss ME-50 Multi-Guitar Effects Processor ကို
သုံးသွားတာ ကြည့်လိုက်ရပါတယ်။
Single Guitar Effect Padel တွေဘဲဖြစ်ဖြစ် Multi Guitar Effects Processor တွေဘဲဖြစ်ဖြစ် ချိန်ပြီဟေ့ ဆိုရင်တော့ knob တွေကို Manually လိုက်လှည့်ပြီး ချိန်ရပါတယ်။ Single Effect ကတော့ knob တစ်ခုကို ချိန် ပြီး အသေထားလို့မဖြစ်ပြန်ပါဘူး။ နောက်တမျိုးပြန်ချိန်ရင် ပြန်လှည့်/ပြန်ထားပါဘဲ။ Multi Effect တွေက တော့ ပိုကောင်းလာပါပြီ။ ကိုယ်ကြိုက်တဲ့အသံတစ်ခုအတွက်ဆက်တင်တစ်ခုချိန်ပြီးတာနဲ့ Bank ထဲမှာ Save လုပ်ထားလို့ရပါတယ်။ ဆက်တင်တွေအများကြီးကို တစ်ခုချင်းစိတ်ကြိုက်လိုက် ချိန်ထား ပြီးတော့ မှ စင်ပေါ်မှာ တီးရင် Bank နံပါတ်တွေကိုဘဲ Foot-Switch လေးနဲ့ လိုက်ပြောင်းပြီးတီးလိုက်ယုံ ပါ ဘဲ။ ပိုအဆင်ပြေသွားပါပြီ။
Boss က ၂၀၀၈ခုနှစ်ထဲမှာ နောက်ဆုံးထွက်သွားခဲ့တဲ့ GT-10 ဆိုရင် ဒစ်ဂျစ်တယ်စနစ်/ကွန်ပြူတာစနစ်လုံးဝ ဖြစ်သွားသကဲ့သို့ဘဲ knob တွေအများကြီးပါမလာတော့ပါဘူး။ ကွန်ပြူတာက စက်ဝယ်ကတည်းက မူရင်း အော်တို ကွန်ပြူတာက ချိန်ပေးထားတဲ့ ဆက်တင်ချည်း (၂၀၀)ကျော်ပါလာလို့ မိမိကအထူးချိန်နေ စရာ မလိုဘဲ အဲဒီ့ အမျိုးအစား (၂၀၀)ထဲက ဘဲ ကြိုက်နှစ်သက်ရာ ကို ရွေးတီးလိုက်ယုံပါဘဲ။ အဲဒီ(၂၀၀)ထဲက အတိုးအကျယ်နဲနဲ ထပ်ပြင်ချိန်ပြီး Bank ထဲမှာ ကိုယ့်စိတ်ကြိုက် ဆက်တင်နောက် ထပ် (၂၀၀)ထပ် ထည့်လို့ ရပါသေးတယ်။ ME-50 မှာတောင် Bank ထဲမှာဆယ်ဂဏန်းလောက်ဘဲ Save လုပ်လို့ရသလို၊ ကွန်ပြူတာ က အဖြစ်လောက် နဲနဲလေးချိန်ပေးထားတဲ့ ဆက်တင်တွေကလည်းအကောင်းစားတွေမဟုတ်ပါဘူး။ GT-10 မှာ ကက်တလောက် ထဲမှာကို ချိန်ထားတဲ့ အက်ဖက်ဆင်တင်တွေရဲ့ အမည်တွေကိုပါ ဖေါ်ပြပေးထား ပါ တယ်။ မကောင်းတဲ့အချက်တစ်ခုကတော့ နောက်ဆုံးထုတ် GT-10 မှာ ကွန်ပြူတာက ဒစ်ဂျစ်တယ်စနစ်နဲ့ အော်တို ချိန်ထည့်ပေးထားတဲ့ အက်ဖက်ဆင်တင် ၂၀၀ လုံးက ကောင်းနေတော့ Manual knob တွေနဲ့ ကိုယ်ပိုင်ဆက်တင်တွေ မချိန်ဖြစ်ရာကနေ ကြာလာတော့ ဂစ်တာအက်ဖက် ချိန်ညှိတဲ့ စွမ်းရည်လျော့ပါး သွား စေတတ်ခြင်းပါဘဲ။
Roland ကုမ္ပဏီ၏ BOSS GT-10 Mulit-Guitar Effects Processor
Single Guitar Effects တွေနဲ့ ဂစ်တာအက်ဖက်စစ်စတမ် တစ်ခုရဲ့ ပုံကိုအောက်ပါအတိုင်း နမူနာ တင်ပြအပ် ပါတယ်။ တွေ့မြင်ရတဲ့အတိုင်းဘဲ Chain တစ်ခုထဲမှာ Distortion , Chorus, Compressor, Preamp, Reverb, Delay, Equalizer, Noise Supressor စသည်ဖြင့် Single Guitar Effect Padel တွေကို Wah Wah တို့ Volume တို့လို Expression Pedal တွေနဲ့ ကြားခံ ဆက်သွယ်ပေး ထားပါ တယ်။ တစ်ချို့တွေကျတော့ ဟောလို ဂစ်တာ မကိုင်ချင်လို့ Acoustic Simulator တို့လို ဆင်ဂယ် ဂစ်တာအက်ဖက်မျိုး တွေနဲ့လည်း ထည့်တွဲထား လိုက်ပါသေးတယ်။
Multi-Guitar Effects Processor ကို ကိုင်မယ်ဆိုရင်တော့
အရမ်းအဆင်ပြေသွားပါပြီ။ ရှိသမျှ Single Effects တွေရဲ့
အသံတွေအားလုံးကိုထည့်ပေးထားသလို Expression Padel ကိုတော့ တစ်ခုဘဲ
ထားလိုက်ပါတော့ တယ်။ တစ်ခုထဲမှာဘဲ ဖိနင်းပြီး Wah Wah တွေ ရွေးတီးမယ်။ Wah
Wah ဖြုတ် လိုက်ရင် ဘဲ Volume ဖြစ်နေပါပြီ။ဒီသဘောပါ။
ကောင်းမွန် ချိုသာတဲ့ ဂစ်တာကာလာ တစ်မျိုးရဖို့ ဂစ်တာအက်ဖက်ရဲ့ knob
တွေကိုနာရီလက်တံတွေလို တစ်ခု ချင်းလိုက်ချိန်လိုက် နားထောင်လိုက်လုပ်ယုံနဲ့
မရသေးပြန်ပါခင်ဗျာ။ Guitar Amp က Tone, Volume , Level စတဲ့ knob
ပေါင်းများစွာကိုလည်းလိုအပ်သလို လိုက်ကလိရပြန်ပါတယ်။ ဒါတင်ဘဲ လားဆိုတော့
မဟုတ်သေးဘူးခင်ဗျ။ ကိုယ်ကိုင်ထားတဲ့ ဆောလစ်ဂစ်တာ မှာပါလာတဲ့ Tone, Volume
knob တွေအပြင် Pick-Up Selector နဲ့လဲ သီချင်းအလိုက်လိုသလို လိုက်ရွေးပြီး
ဦးဏှောက် စားရပြန်ပါသေး တယ်။ ဂျိုးစထရာနီတို့ကိုင်တဲ့ Ibanez Solid Guitar
မှာ Double Coiled-Hamburging Pickup ၂ ခုသာ ပါတယ် ဆိုပေမဲ့။
ကိုစတိဗေကြီးတို့ ၊ ပေါလ်ဂီဘတ်တို့ကိုင်တဲ့ Ibanez တွေကျတော့ Double
Coiled-Hamburging Pickup ၂ ခုကြားမှာ Single Coiled Pick-up တစ်ဘား
ထပ်ထည့် ထား လိုက် လို့ လိုအပ်တဲ့အသံရဖို့ Selector နဲ့ (၅)ချက်တောင်
ရွေးနေရပါတယ်။
ကိုယ့်စိတ်ကြိုက် အသံကာလာတစ်ခုအတွက် အက်ဖက်ဆက်တင်တစ်ခုချိန်တွယ်ထားပြီးကာမှ Pedal တစ်ခုလည်း ပြောင်းနင်းလိုက်ရော အသံကျယ်ကြီးပြောင်းထွက်လာပြန်ရင်လည်း မောရပြန်ပါတယ်။ ဒါကြောင့် ကာလာတစ်ခုနဲ့တစ်ခုအကြား အသံအတိုးအကျယ် ဆက်တင်ကိုလည်း ညီနေအောင် ညှိချိန် ထားရ ပါသေးတယ်။
ဒါကြောင့်ဂစ်တာအက်ဖက်ချိန်တာ..ဒီလို-ဒီလို..ဦးဏှောက်စားပါတယ်။
ကိုယ့်စိတ်ကြိုက် အသံကာလာတစ်ခုအတွက် အက်ဖက်ဆက်တင်တစ်ခုချိန်တွယ်ထားပြီးကာမှ Pedal တစ်ခုလည်း ပြောင်းနင်းလိုက်ရော အသံကျယ်ကြီးပြောင်းထွက်လာပြန်ရင်လည်း မောရပြန်ပါတယ်။ ဒါကြောင့် ကာလာတစ်ခုနဲ့တစ်ခုအကြား အသံအတိုးအကျယ် ဆက်တင်ကိုလည်း ညီနေအောင် ညှိချိန် ထားရ ပါသေးတယ်။
ဒါကြောင့်ဂစ်တာအက်ဖက်ချိန်တာ..ဒီလို-ဒီလို..ဦးဏှောက်စားပါတယ်။
ပထမဦးဆုံး Boss ကုမ္ပဏီကဘဲ သူထုတ်လိုက်တဲ့ Boss Single Guitar Effect Padel
တွေကို စတင် သုံးစွဲတဲ့ဂစ်တာသမားတွေ ဦးဏှောက်စားမှာစိုးလို့ အကောင်းဆုံး
အပြင်း/အပျော့ ဂစ်တာအက်ဖက် ဆက်တင်တွေကို Manual Handbook
စာအုပ်လေးထုတ်ပေးခဲ့ပါတယ်။ တော်တော်လေး ကောင်းပါတယ်။ ဒီစာအုပ်ထဲမှာ သူ့
Sigle Effect တစ်ခုချင်းကို ဘယ်လိုချိန်ရမယ်။ ချိန်ပြီးရင် တွဲဖက်မဲ့
Guitar Amp က Nob တွေကိုလည်းဘယ်လိုအနေအထားမှာ
လိုက်ချိန်ညှိထားပေးရမယ်ဆိုတာကို အသေး စိတ် လေး ဖေါ်ပြ ပေးထားလို့
တော်တော်လေးကောင်းပါတယ်။ ဒီစာအုပ်ဟာ Boss Single Guitar Effect Pedal အတွက်
သက်သက်သာဖြစ်ပြီး Boss Multi-Effects Processor တွေအတွက်တော့ သီးသန့်
ဖေါ်ပြထုတ်ဝေခြင်း မပြုတော့ပါဘူး။ Multi-Effects Processor ဆိုတာကလည်း
Single effects သံတွေ ကို Computer Board တစ်ခုတည်းမှာ စုထည့်ထားတယ်
ဆိုကတည်းက ဒီစာအုပ်လိုက်ဖတ်ပြီး Multi-Effects Processor ကိုလည်း
လိုက်ကစားလိုက်ယုံဘဲလို့ မျှော်လင့်ထားတယ်ထင်ပါတယ်။
အထက်ဖေါ်ပြပါ ဂစ်တာအက်ဖက်ဆက်တင်တွေကို Manual Handbook စာအုပ်လေး ကို
အောက်မှာ ဓါတ်ပုံကို ကလစ်လုပ်ပြီး PDF ဖိုင်ကို ဒေါင်းလုပ်ရယူလိုက်ပါ။
ပထဦးဆုံးကတော့ ကျွန်တော်တို့ရဲ့လေထဲက သူငယ်ချင်း မြန်မာကိုစတိဗ်ကြိုက်တဲ့ ကမ္ဘာ့ အကောင်းဆုံး ဂစ်တာသမား ကို Steve Vai ကြီးရဲ့ ဂစ်တာ Effect Setting Sample လေးတစ်ခုပါ။
ကို Steve Vai ကြီးဟာ သူ့မူပိုင် Ibanez JEM ဆောလစ်တွေနဲ့အတူ ဂစ်တာအက်ဖက်တွေ ကို အသုံးပြု တဲ့အခါ မှာ မူလအစက Single Guitar Effect တွေကိုဘဲ တစ်စိုက်မတ်မတ် အသုံးပြုခဲ့ တာ ပါ။ နောက်ပိုင်း မှာ Single Effects တွေနဲ့အတူ Multi-Effects Processor ကိုပါ ပူးတွဲသုံးစွဲ လာခဲ့ပါ တယ်။ သူ့ရဲ့ နောက်ဆုံး DVD Live Show ခွေမှာ Single Effects တွေနဲ့အတူ Zoom Multi-Effects Processor ကြီးကို Expression Pedal တွေ အများကြီးနဲ့ တွဲသုံးပြသွား ခဲ့ပါတယ်။ နမူနာ ဗီဒီယိုဖြစ်တဲ့ Now We Run ဂစ်တာဆိုလိုကို ဒီမှာ ကြည့်နိုင်ပါတယ်။
ကို Steve Vai ကြီး ကြိုက်တဲ့ Boss Single Effect Pedal ကတော့ လိမ္မော်ရောင် DS-1 ပါ။ ဒီ Boss DS-1 Distortion Pedal ကို သူ့စိတ်ကြိုက် အခြား အမေရိကန် ဂစ်တာအက်ဖက်အချို့နဲ့ Expression Pedal တွေနဲ့သူအမြဲဘဲ တွဲအသုံးပြုခဲ့တာပါ။
ကို Steve Vai ကြီးနဲ့ သူ့ Guitar Effects Network
နောက်ပိုင်းမှာ ကို Steve Vai ကြီးဟာ Ibanez ဂစ်တာကုမ္ပဏီကြီးနဲ့ သူ့ရဲ့ ရိုက်စားအစီအစဉ်ကြီးမှာ JEM ဂစ်တာတွေသာမကတော့ဘဲ Steve Vai မူပိုင် Distortion Pedal ဆိုပြီး ထုတ်လုပ် လာပြန်ပါ တယ်။ ပြီးတော့ အခြား Single Effects Pedal တွေ နဲ့ ပူးတွဲအသုံးပြုရာမှာ သူရဲ့ မူပိုင် Ibanez Distortion Pedal- Jemini မှာ သူရဲ့ Personal ဆက်တင် ကို အောက် ပါအတိုင်း ဖေါ်ပြပေး လိုက်ပါ တယ်။ အဲဒီ့ Distortion Effect မှာ ပုံမှာပြထားတဲ့အတိုင်းဘဲ Green Channel နဲ့ Red Channel ဆိုပြီး ၂ မျိုး ပါပြီး။ အဲဒီ့ချန်နယ် ၂ ခု မှာ ကို Steve Vai ကြီး ချိန်ထားတာကို နာရီနဲ့ဖေါ်ပြထားတာကို ရှုစားလေ့ လာ ပါ။ ကို Steve Vai ကြီးဟာ Level ကိုအမြဲ တမ်း ၁၃း၀၀ နာရီမှာထားလေ့ရှိတာကိုလေ့လာ မှတ်သား မိပါတယ်။
ကို Vai ကြီးရဲ့ Jemini Pedal ကို အခြားဂစ်တာသမားတွေကို ဒီလိုချိန်ထားပါတယ်။
ဒီလိုလေးလည်းချိန် ထားတတ်ပါသေးတယ်
နောက်တစ်ခုကတော့ ကမ္ဘာကျော်ဂစ်တာသမားတစ်ဦးဖြစ်တဲ့ အင်္ဂလိပ် DragonFocre တီးဝိုင်းရဲ့ လိဒ်ဂစ်တာရစ်ဇ် Herman Li ရဲ့ဂစ်တာအက်ဖက်ချိန်တဲ့ ဆက်တင်လေးတစ်ခုပါ၊
Li ဟာ သူ့မူပိုင် ဂစ်တာအက်ဖက်ဆက်တင် မှာ Reverb ကိုအမြဲသတ်ထားလေ့ရှိပါတယ်တဲ့။
Overdrive နဲ့ Treble ကိုတော့ ကိုစတိဗေတို့လို မချိုထားဘဲ တော်တော်လေးတင်ထားပါတယ်။
အောက်မှာလေ့လာကြည့်လိုက်ပါခင်ဗျာ။
Li ဟာ သူ့မူပိုင် ဂစ်တာအက်ဖက်ဆက်တင် မှာ Reverb ကိုအမြဲသတ်ထားလေ့ရှိပါတယ်တဲ့။
Overdrive နဲ့ Treble ကိုတော့ ကိုစတိဗေတို့လို မချိုထားဘဲ တော်တော်လေးတင်ထားပါတယ်။
အောက်မှာလေ့လာကြည့်လိုက်ပါခင်ဗျာ။
Band တစ်ခု ချင်း အလိုက်၊ နံမည်ကျော် သီချင်းတစ်ပုဒ်ချင်းအလိုက် Boss ME-50 Multi-Guitar Effects ကို ချိန်ထားတဲ့ အဖိုးတန် Setting တွေကို စုဆောင်း ဖေါ်ပြထားတာပါ။ ရှားရှားပါးပါးလေးရရှိထားတာပါ။ အောက်ဖေါ်ပြပါ Boss ME-50 Multi-Guitar Effects Processor ဓါတ်ပုံ ကို Click လုပ်ပြီး ဂစ်တာအက်ဖက် Setting Chart ကို Download ရယူနိုင်ပါတယ် ခင်ဗျာ။
မြန်မာ့ Guitarist ရပ်ဝန်းမှာ ကိုညီညီထွေးဆိုတာရှိပါတယ်။
ဂစ်တာပညာရှင်တစ်ဦးပါ။ ဂစ်တာစာအုပ် များ စွာလည်း ရေးခဲ့ပါတယ်။
ဂစ်တာသင်တန်းတွေလဲဖွင့်ခဲ့ပါတယ်။ ဘာလို့လဲတော့မသိပါဘူး။ လက်ရှိ အနေ အထား
အရတော့ နံမည်ကြီး Band တစ်ခုခုရဲ့ Player တစ်ယောက်အနေနဲ့တော့သူ ရပ်တည်မှု
ရှိ မနေပါ ဘူး။ ကိုညီထွေး တပည့် ဂစ်တာသမားတွေအများကြီးပါ။ City FM မှာတောင်
ကိုညီထွေး နဲ့ တွေ့ဆုံခန်း လေး နားထောင်ခဲ့ဖူးပါတယ်။ သူ့မှာ
ကိုငြိမ်းဦးဆိုတဲ့ အကို တစ်ယောက်ရှိပါတယ်။ လွန်ခဲ့ တဲ့ ၁၀စုနှစ်ကျော် က
ကိုငြိမ်းဦး မဂ္ဂဇင်းတစ်စောင်မှာ ရေးခဲ့တဲ့ ကမ္ဘာကျော် ဂစ်တာသမားအချို့ရဲ့
ဂစ်တာ အက်ဖက်ချိန်နည်း ဆောင်း ပါး တွေဟာ စင်ပေါ်ကမြန်မာဆောလစ်
ဂစ်တာသမားတွေအတွက် တကယ့် အဖိုးတန် ကိုးကား စရာတွေဖြစ်ပါ တယ်။ ကိုငြိမ်းဦး
ဂစ်တာအက်ဖက်ချိန်နည်းဆောင်းပါး ဘယ်နှစ် ပုဒ် လောက်ရေးခဲ့ သလဲ တော့မသိပါဘူး။
ရှားရှားပါးပါး ဆောင်းပါးဟောင်းလေး ၂ပုဒ်ကိုဘဲ ရရှိစုဆောင်း ထားတာ
၁၀နှစ်တောင် ကျော်ခဲ့ပါပြီ။ ထင်းရူးသေတ္တာထဲက အဲဒီ့မဂ္ဂဇင်းထဲက
စုတ်ဖြဲစုဆောင်း ထား တဲ့ဆောင်းပါးလေး ၂ ပုဒ်ကို ပြန် ထုတ်ပြီး စကန် တင်ပေး
လိုက်ပါတယ်။
Eric Clapton
အထက်ပါအတိုင်း
ဂစ်တာအက်ဖက်များကိုချိန်ညှိခြင်းနဲ့ ပတ်သက်လို့ ကျွန်တော်တို့ရဲ့
လေ့လာစုဆောင်းတင်ပြချက် များဟာ အလွတ်သဘော ခပ်ပါးပါးလေးမျှသာဖြစ်ပါတယ်။
ဝါသနာတူသူငယ်ချင်းများအနေနဲ့က ဒါလေးအချို့ ကိုလေ့လာ မှီငြမ်း ပြီး
မိမိတို့ကြိုက်နှစ်သက်ရာ ဂစ်တာအက်ဖက်ဆက်တင်များကို
စိတ်ကြိုက်ချိန်တွယ်ပြီး၊ ဂစ်တာသံကာလာလှလှလေးတွေကို
ဖန်တီးဖေါ်ကျူးနိုင်ကြပါစေ လို့ဆန္ဒပြုလိုက်ရပါတယ်ခင်ဗျား။
ကဲ....နောက်အကြောင်းအရာ..ဆက်သွားမယ်နော်
ကျွန်တော် တင်ဆက်နေခြင်းဟာ ဂစ်တာအက်ဖက်ဆက်တင်တွေ ချိန်ညှိတဲ့ အကြောင်း
ပေမဲ့ ဆက်စပ် အကျိုး ရှိစေမဲ့ အကြောင်း အရာ တစ်ခုကို ကြားဖြတ်
တင်ပြချင်ပါတယ်။အဲဒါ က တော့ ဂစ်တာ အက်ဖက် တွေနဲ့ မလွယ်မသေ ချိတ်ဆက် ရပြီး၊
Final Output Sound ကို ထုတ် လွှတ်ပေမဲ့၊ ဂစ်တာ အက်ဖက်တွေရဲ့
ဖွားဘက်တော်ဖြစ်တဲ့ Guitar Amplifier တွေကို စတိဗိုင်တို့၊ပေါလ်ဂီဘတ်တို့
စတဲ့ကမ္ဘာ့အကောင်းဆုံး Guitarist တွေအပါအ၀င် ဂစ်တာ အကျော် အမော် တွေ ဘယ်လို
ချိန်ညှိတယ်ဆိုတဲ့ အကြောင်းခြင်းရာပါ။ ဂစ်တာအက်ဖက်တွေ ကိုတော့ ရှယ်
ချိန်ညှိ ထား ပါရဲ့၊ Guitar Amp က Button တွေ ကိုကြုံသ လို လျှောက်ထားရင်
အသံဗြဲကြီးတွေနဲ့ညားပြီး စင်ပေါ် ကို ခဲလုံးပျံတွေရောက်ရှိလာမှာ ဖြစ်ပါတယ်။
ဒီတော့ Guitar Amp ကို အက်ဖက်နဲ့လိုက်ဖက်ညီညီ သေချာ ချိန် ညှိပေး
ရအုံးမှာပါ။
ဗဟုသုတအနေနဲ့....တစ်လောကဘဲ သြစတြေးလျားက
ကမ္ဘာကျော် တီးဝိုင်း Air-Supply မြန်မာပြည်ကို ကြွမြန်း လာပြီး ၊
ကျွန်တော်တို့ရဲ့ ဂုဏ်ထူးဆောင် IC Band နဲ့တွဲဖက်ဖျော်ဖြေပါတယ်။
ဆရာချစ်တို့ လက် ကို ပြောစရာ သိပ်မရှိပါဘူး။ သို့သော် စင်အောက်က
စက်အကြောင်းသာမာန်လောက်တောင်မသိတဲ့ ပရိတ်သတ်တောင်သတိထားမိသလို၊
စာစောင်တစ်ခုကဆောင်းပါးရှင်တစ်ဦးရေးထားတာလေးလည်းဖတ်ရှု လိုက်ရပါတယ်။
အဲဒါကတော့...IC တီးတဲ့အသံတွေကလုံးထွေး ဆူညံနေတာဘဲတဲ့။ သို့သော် Air Supply
Band တက်လာတော့ IC အတွက်ချိန်ထားတဲ့ စက် Setting တွေသူတို့ ပြန်ချိန်ပြီး
တီးတော့ ကောင်းလိုက် တဲ့ အသံတွေတဲ့။ ဘယ်ဖက်ဒေါင့်က ပြေးနားထောင်ထောင် အသံက
ပုံသေ ကြည်မြနေတာဘဲတဲ့။ ဂစ်တာ သံတွေကလည်း သတ်သတ်၊ အဆိုသံကသတ်သတ်၊
ဒရမ်၊ကီးဘုတ်၊ဘေ့စ်သံတွေကသတ်သတ် ၊ အဲ့ဒီ Instrument တစ်ခုစီရဲ့ ကြည်မြတဲ့
အသံသတ်သတ်စီ အားလုံးတို့ Gain ညီပြီး တစ်စုတစ်စည်း တည်းပေါင်း စည်း
ထွက်ပေါ်လာတဲ့ Stereo သံစစ်စစ်ကို အရသာရှိစွာ နားသောတ ဆင်ခဲ့ရပါ တယ်တဲ့။
ဆရာချစ်တို့အုပ်စုကို အပြစ်ဆိုခြင်းမဟုတ်ပါ။ mixer ကိုင်တဲ့ သူတွေရဲ့
ပညာသဘာ လည်းပါမှာပါ။ Mixer Setting, Effects Settings တွေ၊ Amp
settings တွေ အားလုံးကို ဟန်ချက်ညီညီ အသေးစိတ် အကောင်းဆုံး
ချိန်ညှိနိုင်ခြင်းကဘဲ.. Band ၂ဖွဲ့ရဲ့ အသံထွက် သုခုမ ကွာခြားမှုကို
အဆုံးအဖြတ်ပေးသွားခဲ့တဲ့ သဘောပါ။
ဆရာချစ်တို့ မြန်မာဂစ်တာသမားတွေရဲ့လက်တွေဟာ Air Supply က ဂစ်တာသမားတွေ
လက်ထက် ပိုမသာတောင်
လုံးဝအဆင့်မနိမ့်ပါဘူး။ မြန်မာစိတ်နဲ့ပိုသာတယ်လို့်တောင်ဆိုလိုက်ချင်ပါသေး
တယ်။ သို့သော် Live Sound အတွက် စက်ချိန်တာ Air Supply လို မကောင်းဘဲ
အသံတွေလုံးထွေးနေ တာ လူတွေတကယ်ပြောခဲ့ကြတာပါ။ ၂ ဖွဲ့ ယှဉ် တီးလိုက်တော့မှ
သိသာသွားခဲ့တာပါ။ တစ်ဖွဲ့ချင်း စီခွဲကြည့်ဖြစ်ခဲ့ရင်
လူတွေသတိမထားမိနိုင်ပါဘူး။
ထားလိုက်ပါတော့၊ဆောင်းပါးလေးဆက်ပါရစေနော်။ ဒီတော့ မြန်မာနုတ် ညီအကိုတွေ
အတွက်ကျွန်တော် တို့ စုဆောင်းထားတဲ့ ကမ္ဘာ့ ဂစ်တာအကျော်အမော်တွေ၊ ကမ္ဘာကျော်
Band တွေ Guitar Amplifier တွေကို ချိန်တဲ့ Settings တွေကို Quote
လုပ်နိုင်အောင်၊ ကိုယ့်အိမ်က တစ်ကိုယ်တော် Mini Amp လေးဘဲ သုံးသုံး၊
စင်ပေါ်မှာ ဖြဲတော့မယ်ဆိုရင်ဘဲဖြစ်ဖြစ် အကောင်းဆုံး ချိန်ညှိနိုင်အောင်
တင်ဆက် ပေးလိုက်ပါရစေ။
အောက်ပါပုံက ကမ္ဘာ့အကောင်းဆုံးဂစ်တာသမားဆိုတဲ့ ကို Steve Vai ကြီးရဲ့ မာရှယ် Amplifier မှာ L3 Demo Setting ချိန်ထားတာပါ။
အောက်က ဆက်တင်က Mike အမည်ရှိ ဂစ်တာသမား က ချိန်ထားတာပါ။ အပေါ်က ကိုစတိဗိုင်ကြီးဆက်တင်လည်း သူပုံဆွဲထားတာပါ
ကမ္ဘာဂစ်တာအကျော်အမော်တွေ သူတို့ Guitar Amplifier တွေကို ချိန်ညှိတဲ့ Settings တွေအားလုံး ကို သက်ဆိုင်ရာ Guitar Amplifier အမျိုးအစားတွေ အလိုက် စနစ်တကျ ဖွယ်ဖွယ်ရာရာလေး စုစည်းပြီး စာမျက်နှာ (၁၉)မျက်နှာ ပါ PDF ဖိုင်နဲ့ တင်ပေးလိုက်ပါတယ်။ ကြားထဲမှာ ဂစ်တာအက်ဖက် ဆက်တင် လေးအချို့လည်း ညှပ်ပါလာအုံးမှာပါ။ ဘယ်လိုပြောရမလည်း- Very Good ပေါ့ခင်ဗျာ။ အခုဘဲ Download ရှုစား၊ ကိုးကား ချိန်ညှိ ခံစား နိုင်ကြောင်းပါ................................

