ချယ်ရီတွေ မရှိပေမဲ့
စိန်ပန်းတွေနဲ့လှနေတဲ့
ငါ့ကျောင်းမှာ ငါပျော်တယ်........
စိန်ပန်းတွေကြွေချိန်မှာ
နှင်းပန်းတွေမွေးဖွားလာခဲ့ပြီ
နှင်းပန်းတွေရဲ့
အလှနဲ့ ရနံ့တွေကြောင့်
သာယာနေတဲ့ ရာသီနဲ့
ငါတို့ ကျောင်း...
ရာသီတွေပြောင်း
ခေတ်နှောင်းသွားပေမဲ့
ဘယ်တော့ မှမပြောင်းမဲ့
ငါ့ကျောင်းရဲ့ ခေါင်းလောင်းသံက
ငါ့ရင်ထဲမှာအမြဲတမ်း
ရိုက်ခတ် မြည်ဟည်းဆဲပါ.........♥
POEM BY AUNG CHAINT.....♥
www.aungchaintmoe.co.vu



0 comments:
Post a Comment