About

Ads Here

Friday, 15 August 2014

မြောင်းမြဆိုတာ

  MM Youth

မြောင်းမြဆိုတာကိုမသိတဲ့သူတွေက
၁၀တန်းကိုဘယ်လိုကျော်ပြီးအောင်လာကျတာလဲဟင်
ပြောပြမယ်နော်
 MM Youth


မြောင်းမြဆိုတာ
တက္ကသိုလ်ဝင်တန်းသင်ရိုးညွှန်းတမ်းမှာ
ရာဇာဓိရာဇ်အရေးတော်ပုံဆိုပြီးထည့်သွင်းသင်ကြားခံရတဲ့
သစ္စာရှိသူရဲကောင်းဗျည်းနွဲ့နေတဲ့မြို့
ရွှေကိုစစ်သားတွေမောက်တိုနဲ့ချင်တွယ်ယူလို့ရလောက်အောင်များပြားတဲ့မြို့
ဗိုလ်ချုပ်အောင်ဆန်းရဲ့ချစ်လှစွာသောဇနီး
ဒေါ်အောင်ဆန်းစုကြည်ရဲ့မိခင်ကြီး
"ငွေသော်တာရောင်ခြည်"သီချင်းနဲ့တင်စားခံရတဲ့ဒေါ်ခင်ကြည်နေတဲ့မြို့
ပုဂံမြို့ထက်နှစ်ပေါင်း၂၀၀ကျော်ထဲက
စတင်တည်ထားတဲ့မြို့ရယ်လို့အသိမှတ်ပြုခံရတဲ့မြို့
ရွှေတိဂုံစေတီတော်ရဲ့ပုံစံတူမြတိဂုံစေတီတည်ထားကိုးကွယ်တဲ့မြို့
မြန်မာနိုင်ငံရဲ့အကြီးဆုံးခရစ်ယာန်သာသနာပြုတက္ကသိုလ်ရှိတဲ့မြို့
မိကျောင်းကျောပေါ်ဘုရားတည်ပြီးမြို့ကိုအ၀င်အထွက်ဦးတိုက်ရတဲ့စင်္ကြာသီဟ စင်္ကြာနန္ဒစေတီရှိတဲ့မြို့
မုန့်ဟင်းခါးဆိုရင်မြန်မာပြည်တင်မကအာရှနိုင်ငံတွေအထိပါတင်ပို့ရောင်းချရတဲ့မြို့
မြန်မာနိုင်ငံရဲ့ပထမဆုံးကြိုးတံတားတည်ရှိတဲ့မြို့
အာဇာနည်ခေါင်းဆောင်ကြီးဒီးဒုတ်ဦးဘချိုနေတဲ့မြို့
တောင်တန်းပတ်လည်ကာရံထားပြီးသဘာဝဘေးဒဏ်တွေကနေလွတ်ကင်းတဲ့မြို့(ဥပမာ နာဂစ်မုန်တိုင်း)
မြန်မာပြည်ရဲ့စပါးကျီဆိုတဲ့မြို့တွေထဲကတမြို့
ဝန်ကြီးဦးတင့်ဆန်းမွေးဖွားခဲ့တဲ့မြို့
အထက်တန်းကျောင်းပေါင်း၇ကျောင်းရှိတဲ့မြို့
လမ်းတလမ်းထဲမှာတင်ဘေးချင်းကပ်ဘဏ်၃ခုရှိတဲ့မြို့
မြို့ငယ်ပေမယ့်ဘဏ်၁၀ခုရှိတဲ့မြို့
ပရဟိတကိုလူကြီးလူငယ်မရွေးဝါသနာပါတဲ့မြို့
လမ်းမတော်ဖိုးတုတ်လိုလူဆိုးကြီးကိုထောင်သွင်းအကျဉ်းချထားခဲ့တဲ့ထောင်ရှိတဲ့မြို့

 ဟုတ်ကဲ့ပါ  
   အဲ့ဒီမြို့က ကျွန်တော်နေတဲ့မြို့ပါ..........

 MM Youth

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...