About

Ads Here

Saturday, 2 August 2014

♥♥လိုချင်မိတယ်♥♥

   ♥♥လိုချင်မိတယ်♥♥

MM Youth

ရင်ခွင်က အရိုင်းဆန်နေတော့
ရင်ခုန်သံ ခပ်ဆန်းဆန်းကို နားလည်ဖို့ကြိုးစားရင်း
ခပ်တန်းတန်းနေခဲ့ ဖူးတဲ့ လောကကြီးကိုတောင်
ကဗျာတစ်ပုဒ် လုပ်လိုက်ချင်တယ်။
ခပ်လေးလေး သွားနေတဲ့  နာရီလက်တံတွေ
သူတို့ရဲ့ ရွေ့လျားမှုတိုင်းမှာ
အိမ်မက်တွေကို ရင်းနှီးထားခဲ့တယ်။
အလှမ်းဝေးတဲ့ ရက်စွဲတွေ
ရင်ဘက်ကို တဖြည်းဖြည်းရိုက် ခတ်လို့
နှလုံးသားလေးလည်း မော ဟိုက်နေပါပြီ။
ကောင်ကင်ကြီးကတော့ ကိုယ့် အစားငိုးကြွေးလို့
ဒလိမ့်ခေါက်ကွေး ကျဆင်းလာတဲ့
မိုးစက်တွေရဲ့ ငိုသံတွေဟာ ကျယ်လောင်နေတယ်။
ဘာမှမမက်မောပါဘူးကွယ်......။
မနက်ဖြန်ရဲ့ နေ့သစ်တိုင်းမှာ                 
အပြစ်ကင်းစင်တဲ့ . ချစ်သူရဲ့ ရင်ခုန်သံကိုသာ
  နားထောင်ချင်မိတော့တယ်ကွယ်။
Ye Tay Za Kyaw (ကာရံငယ်)**

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...