လက ထိန်ထိန်သာ
သွေးပျက်ဖွယ် ဒီအိမ်ကြီးနဲ့
ချောက်ခြားဖွယ် အခန်းထဲ
ရှိနေတဲ့ လရောင်ရယ်
ငါ့နားထဲ ကြားနေရတယ်
တခစ်ခစ် ရယ်သံလို
အခန်းနား ဒီလှေခါးက
တက်လာတဲ့ခြေသံလို
အဝေးကခွေးအူသံတွေကြောင့်
အိပ်မရထိုင်နေခဲ့
ငါလှမ်းကြည့်လိုက်တော့
ပြတင်းရဲ့အပြင်ဘက်မှာ
လရောင်အောက်က
မှောင်မဲနေတဲ့ အိမ်ပျက်ကြီး
လေတိုးသံတွေ
ယိမ်းနွဲ့နေတဲ့ ၀ါးပင်တွေ
အရွက်မရှိတဲ့
သစ်ခြောက်တောကြီး
အိမ်ပျက်ကြီးက ညည်းညူသံတွေ
လွင့်ပျံလာငါ့နားထဲ
သွေးပျက်ဖွယ် ဒီညမျိုးကို
ငါကြောက်နေတက်ပြီ
ငါတစ်ယောက်တည်း
လွမ်းဆွေးရင်း
ငါ့ညတွေမှာ မင်းမရှိဘဲ
ကုန်ဆုံးသွား ခဲ့ရပြန်ပြီ........
မင်းကိုလွမ်းလို့တော့မဟုတ်ဖူး...သရဲကြောက်လို့......ဟဲဟဲ
ကိုးတန်ကျောင်းသားဘ၀က..တစ်ယောက်တည်းစာကျက်ရလို့...ကြောက်ကြောက်နဲ့ ရေးထားတာလေးပါ..
POEM BY AUNG CHAINT......
www.aungchaintmoe.co.vu



0 comments:
Post a Comment