Thursday, 9 January 2014
မြန်မာ့ ရိုးရားခြင်း သမိုင်းကြောင်း(History of Myanmar Traditional Chinlone)
ခင်းလုံးကစားနည်းသည် မြန်မာ့ရိုးရာစစ်စစ် ဖြစ်သည်။ အရှေ့တောင်အရှ ဒေသတွင်း နိုင်ငံများ၌ ရိုးရာအားကစားနည်း အသီးသီးရှိကြရာ တစ်ခုနှင့်တစ်ခု ဆင်တူယိုးမှားများလည်း ပါဝင်သည်။ မြန်မာနိုင်ငံ ကဲ့သို့ပင် ထိုင်း၊ မလေးရှား၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံများတွင် ခြင်းလုံးကို ခက်ကစားသည့် နည်းတစ်မျိုး လည်း ရှိသည်။ သို့သော် ထိုကစားနည်းမှာ မြန်မာ့ဝိုင်းခြင်းနှင့် ဆင်တူခြင်းသာဖြစ်ပြီး အခြေခံခြင်း ပေါက်များ၊ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များမှာ လုံးဝ ခြားနားသည်။ မြန်မာတို့၏ “၀ိုင်းခြင်း”ကစားနည်းမှာ ပြည် သူများအကြား၌ တွင်ကျယ် ပျံ့နှံ့နေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ မြန်မာ့ခြင်းလုံး ကစားနည်းမှာ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ခန့်ကပင် ထွန်းကားနေခဲ့ပြီး ဖြစ်သည်ဟူသော သမိုင်း အထောက်အထားများကို တွေ့ရှိခဲ့ကြသည်။ ထိုသမိုင်း အထောက်အထားက ခြင်းလုံးအားကစားမှာ မြန်မာတို့၏ ကိုယ်ပိုင်ရိုးရာ ကစား နည်းအဖြစ် ပျူခေတ်ခန့်ကပင် တွင်ကျယ်နေသည့် ကစားနည်း တစ်ရပ်အဖြစ် မှတ်ယူနိုင်သည့် အထောက် အထားတစ်ရပ် ဖြစ်ခဲ့သည်။
ထိုမှတ်တမ်းမှာ မြန်မာနိုင်ငံကို ဗြိတိသျှ တို့ အုပ်စိုးစဉ်ကာလ ၁၉၂၆ခုနှစ်က ပြည်မြို့၊ သရေခေတ္တရာ မြို့ဟောင်း၊ ကုလားကန်ကုန်းရွာရှိ ဦးခင်ဘ၏ ယာခင်းအတွင်းရှိ စေတီပျက် တစ်ဆူကို အင်္ဂလိပ်ဘုရင်ခံ၏ တာဝန်ပေးချက်အရ ပြန်လည်ပြုပြင်ရန် ဌာပနာများကို တူးဖော်ရာ ရွှေစေတီ၊ ငွေစေတီများနှင့်အတူ ငွေခြင်းလုံး လေးတစ်ခုကို တွေ့ရှိခဲ့ကြသည်။ စေတီ တည်ထားကိုးကွယ်သည့် ကာလက အနုပညာ လက်ရာများနှင့် နှိုင်းယှဉ် လေ့လာရာတွင် ပျူခေတ် လက်ရာဖြစ်နေသောကြောင့် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ခန့်ကပင် မြန်မာတို့မှာ ခြင်းလုံးခတ် ကစားသည့်နည်းကို ခုံမင်မြတ်နိုးခဲ့ကြပြီး စေတီပုထိုးများမှာပင် ယခုကဲ့သို့ အမွန် အမြတ်ပြုကာ ဌာပနာများအဖြစ် လှူဒါန်းခဲ့သည့် ဓလေ့ရှိနေသည်မှာ လေးစားဂုဏ်ယူဖွယ်ရာ ဖြစ်သည့်အပြင် ထိုခေတ်အခါ ကတည်းကပင် ခြင်းလုံးခတ် ကစားနည်းမှာ မြန်မာနိုင်ငံတွင် ရှိနေပြီဟု သုံးသပ်နိုင်ပါသည်။
မြန်မာ့ရိုးရာ ခြင်းခတ်ကစားနည်းမှာ ခက်ခဲသော ခြင်းပေါက်များအဖြစ် ကစားသမား ခြောက်ဦးစလုံးက ခြောက်ပေါက်ခြင်း၊ ရှစ်ပေါက်ခြင်း၊ ဆယ်ပေါက်ခြင်းစသည့် ကစားနည်းများ ရှိသော်လည်း အရှေ့တောင်အာရှ ဒေသတွင်း အိမ်နီးချင်းနိုင်ငံများမှ စိတ်ဝင်စားပြီး လွယ်ကူစွာ ခတ်ကစားနိုင်မည့် ကစားနည်းများသာ ဖြစ်သည်။
မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရန် ရည်ရွယ်ပြီး
Myaungmya Youth


0 comments:
Post a Comment