About

Ads Here

Friday, 1 August 2014



Viber မှ Chat, Call, Contact များကို Backup လုပ်ထားနိုင်သော Viber Backup.apk

 

Viber မှ chat ထားသမျှစာများ၊ Call နှင့် Contact များသည် အကြောင်းအမျိုးမျိုးကြောင့် ဖုန်းတစ်ခုခု ဖြစ်၍ဖြစ်စေ ဖုန်းနံပါတ်လဲ ရ၍ဖြစ်စေ၊ ဖုန်းလဲရ၍ဖြစ်စေ၊ အခြားအကြောင်းများကြောင့် ဖြစ်စေ Viber ကို အစအဆုံးပြန်လုပ်ရ၍ ပျောက်ပျက်ကုန် တတ်သည်။ တန်ဖိုးထားတတ်သူအတွက် တန်ဖိုးကြီးပါသည်။ ထို ဖိုင်များကို မပျောက်ပျက်ပဲ လိုအပ်လျှင် ကွန်ပျူတာ၊ ဖုန်းတို့ ဖြင့် ပြန်ကြည့်နိုင်ရန် Backup လုပ်ထားသင့်သည်။
Viber Backup app သည် သင့် Viber မှ Chats, Calls နှင့် Contacts များကို Backup လုပ်ပေးနိုင်သည်။ ရရှိလာသော Backup ဖိုင်များကို SDCard/Viber Backup Folder တွင် zip ဖိုင် အနေဖြင့် save လုပ်ပေးလိမ့်မည်။ zip ဖိုင်ထဲတွင် တစ်ဦးချင်းဆီ၏ Chats, Calls, Contacts များကို csv format ဖြင့်ထည့်ထားပါသည်။ csv format တွင် photo, sticker, video ဖိုင်များ ပါမလာနိုင်ပါ။


ထို Backup ဖိုင်များကို Phone, Computer တို့ထဲတွင် ပြန်ဖတ်ရန် သိမ်းထားနိုင်သည်။
Viber Backup app ကို သုံးရန် သင့် ဖုန်းတွင် Root ရှိရန်လိုအပ်သည်။
csv ဖိုင်များကို play store မှ CSV Viwer ၊ Root Explorer နှင့် အခြား မိမိနှစ်သက်ရာများသုံး၍ ပြန်ဖတ်နိုင်ပါသည်။
Thanks to Viber, Original Owner Dev
အသုံးပြုလိုပါက အောက်က လင့် တွင် ဒေါင်း၍ ယူနိုင်ပါသည်။

       Download 

 အဆင်မပြေရင် CBox မှာပြောခဲ့ပါ...

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...